၂၀၂၆ခုနှစ်၊အောက်တိုဘာလ၊(၂၄)ရက်
‘ မြန်မာထောပတ်သီးနှင့်သစ်သီးပွဲတော်’မှာ ထူးခြားတဲ့ ထောပတ်သီး မီနူးစုံရရှိနေတယ်လို့ သိရပါတယ်။
မြည်းစမ်းနိုင်မယ့် ထောပတ်သီး စားဖွယ်ရာများ
ကတော့ “ထောပတ်သီး လက်ဖက်သုပ်”၊
“စပိုင်စီ ထောပတ်သီး”၊ “ထောပတ်သီး ရေခဲချောင်း”၊ “ထောပတ်သီး ရေခဲမုန့်”
“ထောပတ်သီး ကိတ်”၊“ထောပတ်သီး ဆူရှီ”
“ထောပတ်သီး ခေါက်ဆွဲ”၊ “ထောပတ်သီး ကျောက်ကျော”၊ “ထောပတ်သီး ဖျော်ရည်”
“ထောပတ်သီး မာလာရှမ်းကောသုပ်”နဲ့မီနူးပေါင်းများစွာ ပါဝင်မှာဖြစ်ပါတယ်။
ပွဲတော်အစီအစဉ်တွေ အနေနဲ့ရှမ်းပြည်နယ် နဲ့ ပြင်ဉီးလွင်မှ ထောပတ်သီး တောင်သူတွေရဲ့ လတ်ဆတ်သော ထောပတ်သီးများ၊ MSMEs များရဲ့ အေးခဲ ထောပတ်သီး၊ ထောပတ်သီးအနှစ်၊ ထောပတ်သီးအဆီ များကို အသုံးပြု၍ စားဖိုမှူးကြီးများ၊ ပညာရှင်များမှ ချက်ပြုတ်ပြင်ဆင် ဟင်းပွဲထုတ်ပြီး မြည်းစမ်းကြမှာဖြစ်ပါတယ်။
အဟာရကျွမ်းကျင် ပညာရှင် ဒေါက်တာခင်မာချိုမှ လည်း မီနူးတွေကို အဟာရဆိုင်ရာ ရှုထောင့်မှ သုံးသပ်ပြီး ကျန်းမာရေးအကျိုးကျေးဇူးများ ရှင်းလင်းဟောကြားပေးမှာလည်းဖြစ်ပါတယ်။
အခြားသစ်သီးဝလံများစွာကိုလည်း ပွဲဈေးထောင့်မှာ ထုပ်ပိုးပြီး အိမ်အရောက်ပို့ ဝန်ဆောင်မှုပေးသွားမှာလည်းပါဝင်သလို အောက်တိုဘာ(၂၄)ရက်၊(၂၅)ရက်နဲ့(၂၆)ရက်တို့မှာ ကျင်းပနေမှာပဲဖြစ်ပါတော့တယ်။
