၂၀၂၆ခုနှစ်၊အောက်တိုဘာလ၊(၂၄)ရက်
ညောင်တုန်းမြို့အဝင် ရေလမ်းကြောင်းကို တည်ငြိမ်တဲ့ ရေလမ်းကြောင်း ဖြစ်ပေါ်စေရေး သဲအိတ်ခံ ကျောက်စီရေကာများဖြင့် ထိန်းသိမ်းပြုပြင်ခြင်းကို လည်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ရေနည်းကာလတို့မှာ ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှာ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ညောင်တုန်းမြို့ရှေ့မှာ ကမ်းထိန်းတမံ အလျား ပေ ၂၅၀ နှင့် ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ဆုံရာ ပန်းလှိုင်မြစ်အစတွင် ညောင်တုန်းမြို့ဘက် ရေစီးကြောင်းကပ်ပြီး စီးခြင်းမှ သက်သာစေရန် ရေလွှဲရေကာလုပ်ငန်းများ ဆောင်ရွက်ရန် လျာထားပြီးဖြစ်ကြောင်း၊
ညောင်တုန်းမြို့အဝင် ရေလမ်းကြောင်းအား တည်ငြိမ်သော ရေလမ်းကြောင်း ဖြစ်စေရေးအတွက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနဲ့
ကျန်ရှိတဲ့အပိုင်းကို နှစ်အလိုက် ဘဏ္ဍာငွေလျာထားပြီး ဆက်လက် ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
