လာမယ့်မေလဆန်းပိုင်းမှာလည်း ဒေသတော်တော်များများမှာ မိုးထစ်ချုန်းရွာခြင်း၊မိုးကြီးခြင်းများဖြစ်ပေါ်နိုင်
တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
လေပွေလှိုင်းတွေ၊လေနွေးနဲ့လေအေးတွေ့ဆုံမှုတွေကြောင့်အချိန်အခါမဟုတ် မိုးထစ်ချုန်းရွာသွန်းမှာဖြစ်ပါတယ်။
ဒီကနေ့ညနေမှမေလ(၄) ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း ၊ မန္တလေးတိုင်း ၊ ပဲခူးတိုင်း ၊ မကွေးတိုင်း ၊ စစ်ကိုင်း တိုင်း ၊ ဧရာဝတီတိုင်း ၊ တနင်္သာရီတိုင်း ၊ ကချင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသ တွေမှာ ဒေသအလိုက်နဲ့ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီလို အချိန်အခါမဟုတ်မိုးရွာခြင်းနဲ့အတူ လေပြင်းများတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနဲ့ မြေပြိုခြင်းစတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်လို့ သတိပြုနေထိုင်သင့်တယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်း ၊ ပဲခူးတိုင်း ၊ ဧရာဝတီတိုင်း ၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းလျက်ရှိပြီး၊
အဆိုပါ မိုးတိမ်တောင်ကြောင့် မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတွေဖြစ်ပေါ်နိုင်ပါတယ်။
#mercury#mercurynews#myanmar#မိုးလေ၀သ#မြန်မာ