————————————————————-
ပြည်တွင်းမှာ စက်သုံးဆီလိုအပ်ချက်ရှိလို့ ရေနံချက်စက်ရုံ(သန်လျင်)မှာ ရေနံစိမ်းချက်လုပ်မှုတန်ချိန်တိုးဖို့ရှိတယ်လို့ သိရပါတယ်။
အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်)ကို အသွင်သစ်ဖြင့် လည်ပတ်ထုတ်လုပ်မှာဖြစ်ပြီး လက်ရှိ စီမံကိန်းအပိုင်း(၁)အဖြစ် တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ငါးသိန်းချက်လုပ်နိုင်အောင် ဆောင်ရွက်သွား မှာဖြစ်ပါတယ်။
စီမံကိန်းအပိုင်း(၂)အဖြစ် တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် သုံးသန်းချက် လုပ်နိုင်တဲ့ရေနံချက်စက်ရုံကိုလည်းဆက် လက် ဆောင်ရွက်သွားနိုင်ရန် ရေတိုရေရှည်အစီအမံ များ ချမှတ်ဆောင်ရွက် လျက်ရှိတယ်လို့ စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရဲ့ ပြောကြားချက်အရသိရပါတယ်။
#Mercury#mercurynews#ပြည်တွင်းသတင်း#မြန်မာ#ရေနံချက်စက်ရုံ#ပြည်တွင်းစက်သုံးဆီလိုအပ်ချက်