Marvel ရဲ့ နောက်ထပ်ထွက်လာမယ့်ရုပ်ရှင်ဖြစ်တဲ့ ‘Avengers: Doomsday’မှာ မင်းသားကြီး ခရစ်အီဗန်စ် (Chris Evans) ဟာ သူ့ရဲ့ အထင်ကရဇာတ်ကောင်ဖြစ်တဲ့ Captain America (Steve Rogers) အဖြစ် ပြန်လည်ပါဝင်လာတော့မှာ ဖြစ်ပါတယ်။
‘Avatar: Fire and Ash’ ဇာတ်ကား အစောပိုင်းပြသမှုတွေမှာ ထည့်သွင်းပြသခဲ့တဲ့ ဗီဒီယိုဖိုင် ပေါက်ကြားခဲ့ပြီးနောက် Marvel Studios က ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ‘Avengers: Doomsday’ ရဲ့ ပထမဆုံး ဇာတ်ကားနမူနာ (Trailer) ကို တရားဝင် ထုတ်လွှင့်ပေးခဲ့ပါတယ်။ အဆိုပါ နမူနာဗီဒီယိုထဲမှာ ခရစ်အီဗန်စ်ကို Captain America အဖြစ် ပြန်လည်မြင်တွေ့လိုက်ရတာကြောင့် ပရိသတ်တွေကြားမှာ အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့တာဖြစ်ပါတယ်။
ခရစ်အီဗန်စ်ဟာ ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ ‘Avengers: Endgame’ ဇာတ်ကားပြီးကတည်းက Marvel Cinematic Universe (MCU) မှာ Steve Rogers ဇာတ်ကောင်အဖြစ် ပါဝင်ခြင်း မရှိတော့ဘဲ (၇) နှစ်နီးပါး ကြာမြင့်ခဲ့ပြီးမှ အခုလို တစ်ကျော့ပြန် ပါဝင်လာခြင်းလည်း ဖြစ်ပါတယ်။
ကမ္ဘာတစ်ဝှမ်းက Marvel ပရိသတ်တွေ စောင့်စားနေကြတဲ့ ‘Avengers: Doomsday’ ဇာတ်ကားကြီးကို ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့ မှာ ရုပ်ရှင်ရုံတွေမှာ တရားဝင် ရုံတင်ပြသသွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
#mercury#mercurynews#avenger#AvengersDoomsday#ရုပ်ရှင်
