Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မိုးသည်းပြီးလေပြင်းတိုက်၍ ရန်ကုန်၊ပဲခူး၊ရန်ကုန်-မန္တလေးလမ်းမကြီး၌သစ်ပင်များလဲပြိုကျ

၂၀၂၆ခုနှစ်၊စက်တင်ဘာလ၊(၁၅)ရက်


စက်တင်ဘာလ(၁၄)ရက်မှာမိုးသည်းထန်ပြီးလေပြင်းတိုက်လို့ ရန်ကုန်၊ပဲခူး၊ရန်ကုန်-မန္တလေးလမ်းမကြီးမှာ
သစ်ပင်တွေလဲပြိုကျတာတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။


ပဲခူးတိုင်း၊ပေါင်းတည်မြို့၊ကင်ပွန်ခြုံကျေးရွာမှာ မိုးရွာသွန်းပြီးလေပြင်းတိုက်လို့ သစ်ပင်အမြစ်ပွပြီး နေအိမ်ပေါ်သို့လဲကျခဲ့ပါတယ်။


ရန်ကုန်၊တိုက်ကြီး တာဂွကျေးရွာ၊ ရန်ကုန်ပြည်လမ်းဘေးမှာ သစ်ပင်လဲကျခဲ့သလို တိုက်ကြီး ရန်ကုန်-ဖူးကြီးလမ်းကြားမှာ သစ်ပင်လဲကျခဲ့ပြီး နေပြည်တော်လယ်ဝေးမြို့နယ် ရန်ကုန်-မန္တလေးလမ်းမကြီး မှာလည်း သစ်ပင်လဲကျပြီး လမ်းပိတ်နေလို့ မီးသတ်တပ်ဖွဲ့ဝင်တွေက ရှင်းလင်းခဲ့ရတယ်လို့ သိရပါတယ်။ ဒီ့အပြင် ရန်ကုန်တိုင်းကမာရွတ်မြို့နယ်၊ဗဟိုလမ်း၊ ရန်ကုန်တိုင်း၊မရမ်းကုန်းမြို့နယ်၊ရန်ကြီးအောင်လမ်းတို့မှာလည်းသစ်ပင်တွေလဲပြိုခဲ့လို့ရှင်းလင်းခဲ့ရပါတယ်။