Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ညောင်လေးပင်မှာ DEMU အမြန်ရထားနဲ့ လယ်ထွန်စက်တိုက်မိ၊ ယာဥ်မောင်းနဲ့ ယာဥ်ကူ ၂ ဦးသေဆုံး

၂၀၂၆၊စက်တင်ဘာလ၊၁၅ရက်

နေပြည်တော်ကနေ ရန်ကုန်ဘက်ကိုမောင်းနှင်လာတဲ့ စပိန်ရထား DEMU အမြန်ရထားတစ်စင်းဟာ ညောင်လေးပင်မြို့နယ်အရောက်မှာ လယ်ထွန်စက်တစ်စီးနဲ့ တိုက်မိခဲ့ပြီး လူနှစ်ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။

မနေ့က စက်တင်ဘာ ၁၄ ရက်က ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာ နဲ့ ဒိုက်ဦးဘူတာအကြားရောက်တဲ့အချိန် ရထားလမ်းဖြတ်ကူးလာတဲ့ ထွန်စက်တစ်စီးနဲ့ တိုက်မိခဲ့တာလို့ သိရပါတယ်။

အခုဖြစ်စဉ်ဟာ DEMU အမြန်ရထားဖြတ်သန်းသွားချိန် ရထားလမ်းကို ဖြတ်ကူးလို့ သေဆုံးရတဲ့ ဒုတိယမြောက်ဖြစ်စဥ် ဖြစ်လာပြီး စက်တင်ဘာ ၁၃ ရက်ကလည်း ရန်ကုန်ကနေထွက်လာတဲ့ အမှတ် (၅) အဆန် DEMU အမြန်ရထားဟာ ရုတ်တရက် လမ်းကူးလာတဲ့ဘေးတွဲဆိုင်ကယ်တစ်စီးကို တိုက်မိလို့ သံဃာတစ်ပါး နဲ့ ကိုရင်တစ်ပါးပျံလွန်တော်မူခဲ့တဲ့ ဖြစ်စဉ်ဖြစ်ခဲ့ပါသေးတယ်။

DEMU အမြန်ရထား တိုက်ခံရတဲ့ ထွန်စက်ဟာ နှစ်ပိုင်းပြတ်သွားခဲ့ပြီး ရထားရဲ့ ရှေ့မျက်နှာစာလည်း ပျက်စီးမှုရှိခဲ့ပါတယ်။