၂၀၂၆ခုနှစ်၊အောက်တိုဘာလ၊(၂၈)ရက်
လှိုင်သာယာတွင်ကားတစ်စီး ဓာတ်တိုင်ဝင်တိုက်ပြီး လူညပ်နေလို့ ကူညီကယ်ဆယ်ရေး တွေဆောင်ရွက်ပေးခဲ့ရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရပါတယ်။
၂၈.၁၀.၂၀၂၆ ရက်နေ့၊ ၀၅ ၅၄ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ ပိုင်း)မြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ကနောင်မင်းသားကြီးလမ်းမှာ ယာဉ်(၁)စီး ဓာတ်တိုင် ဝင်တိုက်ပြီး လူညပ်နေတာဖြစ်ပါတယ်။
အဲဒီ့ဖြစ်စဉ်ကို လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ကားတိုက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၄ )ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)တို့ကို ရွှေရောင်ပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် လှိုင်သာယာမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

