Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မြောက်ဦး လွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးဦးလှစော(ခေါ်)စာရေးဆရာမောင်ခိုင်အောင်ကွယ်လွန်

————————————————————————————–

၂၀၂၅ခုနှစ်၊မေလ၊(၆)ရက်

ရခိုင်နိုင်ငံရေးသမားတစ်ဦးဖြစ်၊ မြောက်ဦးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်တဲ့ဦးဦးလှစော (ခေါ်) ကဗျာဆရာ၊ စာရေးဆရာ မောင်ခိုင်အောင် မေလ ၅ရက်ညမှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

သူကွယ်လွန်ချိန်မှာ အသက် ၇၂နှစ်အရွယ် ရှိပြီဖြစ်ပြီး လည်ချောင်း ကင်ဆာရောဂါကို ဆေးကုသမှု ခံယူနေစဉ် မေလ ၅ရက် ည ၁၁နာရီကျော်တွင် ကွယ်လွန်သွားတာဖြစ်ပါတယ်။

ဦးဦးလှစောဟာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှာ ပါဝင်ခဲ့ပြီး၂၀၁၀ ရွေးကောက်ပွဲကာလတွင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) ကို တည်ထောင်ရာမှာ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။

၂၀၁၅ခုနှစ်မှာALD နှင့် RNDP ရခိုင်နှစ်ပါတီကို ရခိုင်အမျိုးသားပါတီ ANP အဖြစ် ပေါင်းစည်းရေးတွင်လည်း ဦးဆောင်ပါဝင်ခဲ့ပြီး ANP ပါတီမှာ မူဝါဒရေးရာဦးဆောင်ကော်မတီဝင်အဖြစ် တာဝန်ယူထမ်းဆောင်ခဲ့ပါတယ်။

၂၀၂၁ခုနှစ်နောက်ပိုင်းမှာ ဦးဦးလှစောဟာ အာရက္ခတပ်တော် (AA/ULA) မှာ နိုင်ငံရေးမှူး တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။၂၀၂၂ခုနှစ်ကနစကက ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုနေ့အခမ်းအနားကို AA/ULA ကိုယ်စားလှယ်အဖြစ်တက်ရောက်ခဲ့ဖူးတဲ့တယ်လို့ ပြည်တွင်းသတင်းဌာန တွေကဖော်ပြထားပါတယ်။

#mercury#mercurynews#မြန်မာ#ရခိုင်#ဦးဦးစောလှ