Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မြန်မာ့ရွှေဈေး တက်လာ

————————————–

၂၀၂၅ ခုနှစ်၊ မေလ၊ (၈) ရက်

ကမ္ဘာ့ရွှေဈေးသိပ်မတက်‌တော့ဘဲ ကျလာပေမယ့်

ဈေးကွက်ထဲမှာ မြန်မာ့ရွှေဈေး တက်လာတယ်လို့ သိရပါတယ်။

မေလ(၈)ရက်မှာ မနက်(၉)နာရီ‌ ကျော်မှာကမ္ဘာ့ရွှေဈေး(၇.၄၃)ဒေါ်လာအထိ ပြန်ကျလာပေမယ့် မြန်မာ့ရွှေဈေးကတော့ ပြင်ပ‌ ဈေးကွက်မှာ တစ်ကျပ်သားကို (၇၆)သိန်း(၇) သောင်းကျော်အထိတက်ခဲ့သလို (၇၆)သိန်း (၂)သောင်းကျော်နဲ့ မေလ(၇)ရက်မှာ ဈေးကွက်ပိတ်သွားခဲ့တယ် ရွှေဈေးစောင့်ကြည့် အကဲခတ်နေတဲ့websiteတွေကဖော်ပြထားပါတယ်။

ရွှေရည်ညွှန်းဈေးနှုန်းဟာလည်း မေလ(၆)ရက်က တစ်ကျပ်သားကို (၅၆)သိန်းကျော်ရှိခဲ့ရာမှ မေလ(၇)ရက်ကစလို့ (၅၇)သိန်း(၁)သောင်းကျော်အထိတက်လာပြီး ရွှေဆိုင်တွေရွှေလုပ်ငန်းရှင်တွေ အနေနဲ့ သတ်မှတ်ဈေးနှုန်းနဲ့သာရောင်းချဖို့ နှိုးဆော်ထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းYGEAမှ သိရပါတယ်။

ဓါတ်ပုံ-မူရင်းပိုင်ရှင်ကိုCreditပေးပါသည်။

#mercury#mercurynews#ပြည်တွင်းသတင်း#ရွှေစျေး