———————————————————————————–
ဒလမြို့နယ်နေ အသက်မပြည့်သေးတဲ့ အသက်(၁၃)နှစ်ကျော်အရွယ်၊(၁၆)နှစ်ကျော်အရွယ် အမျိုးသမီးငယ်တွေကို တရုတ်မယားအဖြစ်လူကုန်ကူးခံခဲ့ရတယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်နေ မ—၊ ၁၃/၂၀၂၅ နှစ်နှင့် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်နေ မ—၊ ၁၆/၂၀၂၅ နှစ်တို့ကို တရုတ်အမျိုးသားနှင့် လက်ထပ်ပါက ရွှေဆွဲကြိုး၊ ရွှေလက်စွပ်ရွှေနားကပ်ဆင်ပေးမည့်အပြင် ငွေဖြင့်လည်းတင်တောင်းမည်ဟု ပြောဆိုစည်းရုံးပြီး
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ဗိုလ်ရန်ပြေရပ်ကွက် ဗိုလ်ရန်ပြေ (၆) လမ်းနေ မသီတာအောင်၊ အောင်ဇော်ဦး (ခ) ဟာမီဒူဘာ (လိပ်စာတူ) နေသူနှင့် ဟူနန်မြို့ တရုတ်နိုင်ငံနေ Mr. LUO FU CAI တို့ကလူကုန်ကူးခဲ့တာဖြစ်ပါတယ်။
လူကုန်ကူးသူတွေက ရရှိသော ငွေကြေးတွေကို ခေါင်းပုံဖြတ်ရယူဖို့ စီစဉ်ဆောင်ရွက်ခဲ့လို့ ဒလမြို့မရဲစခန်း (ပ) ၂၀/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ပြီးတရားခံ မသီတာအောင်၊ အောင်ဇော်ဦးနှင့် Mr. LUO FU CAI တို့ သုံးဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/ ၄၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီချခဲ့တယ်လို့ သိရပါတယ်။
#mercury#mercurynews#မြန်မာ#လူကုန်ကူး#ပြည်တွင်းသတင်း