———————————————————————————–
ပြီးခဲ့တဲ့ မတ်လထက်စာရင် ဧပြီလမှာ မြန်မာ့ဆန်တွေကို ပြည်ပသို့ တန်ချိန် (၂)သောင်းကျော်ပိုမိုပို့ခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ ဖော်ပြချက်အရသိရပါတယ်။
မတ်လမှာ ဆန်ပို့တဲ့ကုမ္ပဏီ(၄၆)ခုရှိခဲ့ရာမှာ ဧပြီလမှာတော့ ဆန်ပို့တဲ့ကုမ္ပဏီ(၃)ခုတိုးလာပြီး ဆန်တန်ချိန်(၂)သောင်းကျော်ကိုလည်းပိုပို့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဧပြီလမှာ ဆန်မက်ထရစ်တန်၁၄၂၇၈၈တင်ပို့ခဲ့ပြီး မတ်လထဲမှာတော့ ၁၁၃၆၈၃.၆တန် ပို့ခဲ့တာ ဖြစ်ပါတယ်။
တင်ပို့ခဲ့တဲ့ ဆန်မက်ထရစ်တန်ချိန်(၁၄၂၇၈၈)မှာ ဆန်ကတန်ချိန်၆၉၁၉၄တန်ပို့ခဲ့ပြီး ဆန်ကွဲ ၇၃၅၉၄တန်ပို့ခဲ့တယ်လို့ သိရပါတယ်။
#mercury#mercurynews#ဆန်#မြန်မာ#ပြည်တွင်းသတင်း