Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မုံရွာမြို့မှာ ကလေးငယ်တစ်ဦး လက်နက်ပြ ပြန်ပေးဆွဲခံရ

၂၀၂၅၊မေလ၊၈ရက်

မုံရွာမြို့ ၊အောင်ချမ်းသာရပ်ကွက်၊ မြဝတီလမ်းမှာ ယနေ့မနက်ပိုင်းက ကလေးငယ်တစ်ဦး ပြန်ပေးဆွဲခံခဲ့ရတယ်လို့ သိရပါတယ်။

ယနေ့မေလ၈ရက် မနက်၉နာရီခွဲအချိန်ခန့်က လူတစ်စုက ကလေးငယ်ကို လက်နက်ပြခြိမ်းခြောက်ပြီး ခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ ဖခင်ဖြစ်သူက ဆိုရှယ်မီဒီယာပေါ်မှာ အသိပေးထားပါတယ်။

ကလေးငယ်ကို တွေ့ရှိသူများအနေနဲ့ ဖုန်းနံပါတ် 09963577043 နဲ့ 09450155700 ကိုဆက်သွယ် အကြောင်း ကြားပေးကြဖို့ မိသားစုဝင်တွေက အကူအညီတောင်းခံထားကြပါတယ်။

#mercury#mercurynews#မြန်မာ#ပြန်ပေးဆွဲ#ပြည်တွင်းသတင်း