Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မလေးရှား၊အင်ဒိုနီးရှားမှ စားအုန်းဆီတင်သွင်းရသည့်ဈေးနှုန်းကျလာ၍ရည်ညွှန်းဈေးဆက်တိုက်ကျလာ၊(၆၆၂၀)ကျပ်သာသတ်မှတ်

———————————————————————

၂၀၂၅ခုနှစ်၊မေလ(၁၂)ရက်

မလေးရှားနဲ့အင်ဒိုနီးရှားကနေမြန်မာနိုင်ငံကို CIFစနစ်နဲ့တင်သွင်းနေတဲ့စားအုန်းဆီဈေးနှုန်းတွေဟာ အခု၂၀၂၅ခုနှစ်နှစ်စဇန်နဝါရီလကစလို့ မေလအထိဈေးနှုန်းတွေဆက်တိုက်ကျဆင်းလာတယ်လို့ သိရပါတယ်။

အဲဒီ့လိုဈေးနှုန်းတွေကျဆင်းလာတဲ့ မြန်မာနိုင်ငံမှာလည်းစားအုန်းဆီရည်ညွှန်းဈေးနှုန်းတွေကျဆင်း လာတယ်လို့ ဆိုပါတယ်။

အခုအပတ်မှာတော့ စားအုန်းဆီရည်ညွှန်းဈေးနှုန်းအနည်းငယ်ကျလာပြီး စားအုန်းဆီတစ်ပိဿာ (၆၆၂၀)ကျပ်ဖြင့်ရောင်းချဖို့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

စားအုန်းဆီဈေးနှုန်းတွေဟာလေးလတာကာလအတွင်းကျပ်၆၆၀ကျဆင်းခဲ့ပြီး အခုအပတ်မှာတော့ တစ်ပိဿကို(၆၆၂၀)ကျပ်နဲ့ရောင်းချဖို့ သတ်မှတ်ပေးလိုက်တာဖြစ်ပါတယ်။

၂၀၂၅ခုနှစ် မတ်လ(၁၂)ရက်မှ(၁၈)ရက် အထိ စားအုန်းဆီတစ်ပိဿကို အခြေခံလက်ကားရည်ညွှန်းဈေး ၊(၆၆၂၀)ကျပ်နဲ့ရောင်းချရမှာဖြစ်ပြီး ဈေးကစားဖို့ရည်ရွယ်ပြီး သိုလှောင်ထားပါက အရေးကြီးကုန်စည်နဲ့ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းအတွင်း စားအုန်းဆီတွေကို ဖုန်းဆက်မှာယူနိုင်ပြီး ‘မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း’ Facebook Pageမှာခရိုင်အလိုက်၊မြို့နယ်အလိုက်မှာယူနိုင်မယ့် ဖုန်းနံပါတ်တွေ ဖော်ပြထားပြီးဖုန်း01-4705566/ 09-771002722/ 01-4706722တို့ကိုဆက်သွယ်မှာယူနိုင်တယ်လို့ သိရပါတယ်။

မူရင်းဓါတ်ပုံပိုင်ရှင်ကို creditပေးပါသည်။

#mercury#mercurynews#ပြည်တွင်းသတင်း#စားအုန်းဆီ#yangonMyanmar