နောက် ၂ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများမှာ မိုးထစ်ချုန်းရွာနိုင်တဲ့ အခြေအနေတွေ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ မိုးတိမ်တောင်များ ဖြစ်ထွန်းနေပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်မှာ မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတွေ ဖြစ်နိုင်တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။
နေပြည်တော်၊ရန်ကုန်နဲ့ မန္တလေးမြို့ ပတ်ဝန်းကျင်တွေမှာ ယနေ့ညနေအထိ မိုးတစ်ကြိမ်၊နှစ်ကြိမ် ထစ်ချုန်းရွာနိုင်ပြီး ရွာရန် ရာနှုန်းပြည့်ဖြစ်တယ်လို့ မိုးလေဝသနနဲ့ ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ပါတယ်။
မူရင်းဓါတ်ပုံပိုင်ရှင်ကို creditပေးပါသည်။
#mercury#mercurynews#မိုးလေဝသ#ပြည်တွင်းသတင်း