———————————————————————————————-
၂၀၂၅ခုနှစ်၊မေလ၊(၁၃)ရက်
ရှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေမြို့နယ်၊အင်းလေးဒေသရှိ ငလျှင်ဘေးသင့်ပြည်သူတွေ အတွက် ကျန်းမာရေးနှင့်ညီညွတ်သော သောက်သုံးရေရရှိရေးရရှိဖို့ ဆိုလာရေသန့်စက်ကြီး တစ်လုံး တပ်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။
အဲဒီ့ရေသန့်စက်ဟာ နေရောင်ခြည်စွမ်းအင်(solar systerm)သုံးသောက်ရေသန့်စက်(၁ တန် စက်) ဖြစ်ပြီး တစ်နာရီလျှင် ကျန်းမာရေးနှင့် ညီညွတ်သော သောက်ရေသန့် ဂါလံ(၄၀၀)ထွက် ရှိမှာဖြစ်ပါတယ်။
လူမှုကူညီကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်)YRO အဲဒီ့( ၁တန် ) ရေသန်စက်ကြီး၁လုံး အလှူခံရရှိခဲ့တာဖြစ်ပြီး တောင်ပို့ကြီးကျေးရွာတွင် တပ်ဆင်ပေးခြင်းလုပ်ငန်းကို YRO အဖွဲ့ဝင်၊ဗိုလ်တထောင်ခရိုင်မှူး ဦးပြည့်ဖြိုးအောင် ဦးဆောင်သည့် ” သစ္စာမဏ္ဍိုင် ” လူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။
မေလ ၁၂ရက်မှာ ရေသန့်စက်တပ်ဆင်ခြင်းလုပ်ငန်းများ ပြီးစီးနေပြီဖြစ်ပြီး တောင်ပို့ကြီး ကျေးရွာမှတဆင့် အင်းလေးကန်အတွင်းရှိ ကျေးရွာများသို့ သောက်ရေသန့်တွေ အခမဲ့ ဖြန့်ဖြူးပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
#mercury#mercurynews#သောက်ရေသန့်#ပြည်တွင်းသတင်း