Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ငလျင်ဘေးသင့် လူတစ်ဦးလျှင် ဘိလပ်မြေ(၂၀)အိတ်နှုန်းရောင်းချပေးနေ

———————————————————————————————-

၂၀၂၅ခုနှစ်၊မေလ၊(၁၃)ရက်

ငလျင်ပြန်လည်ထူ‌ထောင်ရေးအတွက်ဆောက်လုပ်ရေးသုံးပစ္စည်းအရောင်းပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်တပေါင်းကွင်း‌ရောင်းချပေးနေပြီး ငလျင်ဘေးသင့်ပြည်သူတွေထဲမှာ ဘိလပ်မြေလိုအပ်သူတွေကို လူတစ်ဦးလျှင်ဘိလပ်မြေ(၂၀)အိတ်နှုန်းရောင်းချပေးနေတယ်လို့ သိရပါတယ်။

ပွဲတော်ရက်မှာ Max ဘိလပ်မြေကို ဈေးနှုန်းသက်သာစွာနဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ တစ်ရက်ကို အိတ်တစ်သောင်းရောင်းချပေးသွားမှာဖြစ်ပြီး စက်ရုံဈေးနှုန်း တစ်အိတ်ကို ငွေကျပ် ၁၉၅၀၀ နှုန်းနဲ့ ရောင်းချပေးနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ သံနှင့် သံမဏိအသင်းအနေနဲ့ ပြခန်ပေါင်း (၂၆)ခန်း ပါဝင်ပြီးတော့ ကုမ္ပဏီ(၁၅)ခု ပါဝင်ပြသထားပြီး သံနဲ့ သံမဏိကုမ္ပဏီ (၁၄)ခု၊ Digital Payment Partner အနေနဲ့ KBZ Pay တို့က ပါဝင်ပြသထားပါတယ်။ ဈေးနှုန်းအနေနဲ့ Market Price ထက် Discount လျှော့ချပြီး ရောင်းချပေးမှာဖြစ်တယ်လို့ သိရပါတယ်။

နေပြည်တော်မှာ သံ၊သံမဏိဦဘိလပ်မြေဆောက်လုပ်ရေးသုံးပစ္စည်းများအရောင်းပွဲကိုမေ (၁၂)ရက်မှ (၁၈) ရက်အထိ ရောင်းချပေးမှာဖြစ်ပြီး ငလျင်ဘေးသင့်ပြည်သူတွေ လွတ်လပ်စွာ ဝယ်ယူနိုင်ဖို့အတွက် UMFCCI၊ မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ သံနှင့် သံမဏိအသင်း၊ ဘိလပ်မြေထုတ်လုပ်သူများ အသင်းနှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနေတယ်လို့ သိရပါတယ်။

#mercury#mercurynews#မြန်မာ#ဘိလပ်မြေ#ပြည်တွင်းသတင်း

May be an image of 5 people, lumberyard and text