၂၀၂၅ခုနှစ်၊မေလ၊(၁၃)ရက်
မွန်ပြည်နယ်၊ သထုံမြို့မှာ စိတ်ဖောက်ပြန်နေသူ အမျိုးသမီးတစ်ဦး ရေတွင်းထဲသို့ ခု၊န်ချသွားလို့ ကယ်ဆယ်ခဲ့ရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ မှသိရပါတယ်။
မေလ(၁၃)ရက်၊မနက်(၆)နာရီမှာ မွန်ပြည်နယ်၊ သထုံမြို့၊ နန်းခဲရပ်ကွက်၊ မနောသုခလမ်းရှိ နေအိမ်ခြံဝန်းအတွင်းတွင် စိတ်ဖောက်ပြန်နေသူ မ(၁)ဦး ရေတွင်းထဲသို့ ခုန်ချသွားတာဖြစ်ပါတယ်။
ရေတွင်းထဲသို့ ခု၊န်ချသွားသူကိုသထုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ အကြင်နာတွဲလက်လူမှုကူညီရေးအသင်းသားများနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ၀၆ ၁၀ အချိန်မှာ အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး အကြင်နာတွဲလက် လူမှုကူညီရေးအသင်းမှယာဉ်ဖြင့် သထုံပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
#mercury#mercurynews#ကယ်ဆယ်#ပြည်တွင်းသတင်း