Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

တရုတ်က အိန္ဒိယ-ပါကစ္စတန် အပစ်အခတ်ရပ်စဲရေး သဘောတူမှုကို ကြိုဆိုထောက်ခံ

၂၀၂၅၊မေလ၊၁၃ရက်

တရုတ်နိုင်ငံဟာ အိန္ဒိယနဲ့ ပါကစ္စတန်တို့ အပစ်အခတ်ရပ်စဲရေးသဘောတူမှုကို ထောက်ခံ ကြိုဆိုကြောင်း မေ ၁၂ ရက်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ လျင်ကျန့်က ပြောကြားခဲ့ပါတယ်။

နှစ်ဖက်အပစ်အခတ် ရပ်စဲရေးကို တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်ရန်နှင့် သဘောထားကွဲလွဲမှုများကို တွေ့ဆုံဆွေးနွေးမှုများမှတဆင့် ဖြေရှင်းရန် မျှော်လင့်ကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဆင်ဟွာသတင်းဌာနရဲ့ဖော်ပြချက်အရ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိကပါ မေလ ၁၀ ရက်ညပိုင်းမှာ နှစ်နိုင်ငံလူကြီးများနဲ့ ဖုန်း ဆက်သွယ်ပြီး တည်ငြိမ်ရေးကို အားဖြည့်ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

လျင်ကျန့်က အိန္ဒိယနှင့် ပါကစ္စတန်သည် တစ်သက်တစ်ကြိမ်တည်းဖြစ်သော အိမ်နီးချင်းများဖြစ်သည့်အတွက် ပဋိပက္ခများကို ရှောင်ကြဉ်ရန်အတွက် အပစ်အခတ်ရပ်စဲမှုကို ဆက်လက်တည်တံ့စေသင့်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့်လည်း ဒေသတွင်းတည်ငြိမ်ရေးနှင့် ရေရှည်ငြိမ်ဝပ်မှုအတွက် ထောက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသွားခဲ့ပါတယ်။

#mercury#mercurynews#တရုတ်#အိန္ဒိယ#ပါကစ္စတန်#ပြည်တွင်းသတင်း