မေလ ၁၃ ရက်နေ့မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သူရဲ့ ဒုတိယသမ္မတသက်တမ်းအတွင်း ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် ဆော်ဒီအာရေဗျကို ရောက်ရှိလာပြီး၊ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်နှင့် မဟာဗျူဟာမြောက် စီးပွားရေးမိတ်ဖက်သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲ့သဘောတူညီချက်ဟာ နိုင်ငံနှစ်နိုင်ငံအကြား ဆက်ဆံရေးပိုင်းတွင် မရှိမဖြစ် အရေးကြီးသောခြေလှမ်းတစ်ခုအဖြစ် သတ်မှတ်ထားကြပါတယ်။
သဘောတူညီချက်ရဲ့ အထင်ကြီးဆုံးအချက်က “သမိုင်းမှာအကြီးမားဆုံး” လို့ဖော်ပြထားတဲ့ ကာကွယ်ရေးရောင်းချမှုဖြစ်ပြီး၊ ဒေါ်လာ ၁၄၂ ဘီလျံ တန်ဖိုးရှိပါတယ်။ အဆိုပါ သဘောတူညီချက်မှာ အမေရိကန်ကာကွယ်ရေးကုမ္ပဏီများက ဆော်ဒီအာရေဗျကို ခေတ်မီစစ်ပွဲဆင်နွှဲရေးပစ္စည်းများနဲ့ ဝန်ဆောင်မှုများ ပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ဆော်ဒီဘက်မှ အမေရိကန်မှာ စုစုပေါင်း ဒေါ်လာ ၆၀၀ ဘီလျံ ရင်းနှီးမြှုပ်နှံဖို့ ကတိပြုထားပြီး၊ ထိုအထဲမှာ AI ဒေတာစင်တာများအတွက် ၂၀ ဘီလျံ၊ နည်းပညာကဏ္ဍတွင် ၈၀ ဘီလျံ၊ ဓာတ်ငွေ့နှင့်စွမ်းအင်ကဏ္ဍတွင် ၁၄.၂ ဘီလျံ၊ Boeing 737-8 လေယာဉ်များအတွက် ၄.၈ ဘီလျံ တန်ဖိုးရှိတဲ့ သဘောတူညီချက်များတွေ ပါဝင်ပါတယ်။
အဆိုပါသဘောတူညီချက်များဟာ စီးပွားရေး၊ နည်းပညာနဲ့ စွမ်းအင်ကဏ္ဍများအတွင်း ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေမည့် အခြေခံအုတ်မြစ်အဖြစ်ရှိလာမယ်လို့ နှစ်နိုင်ငံလုံး မျှော်လင့်ထားကြပါတယ်။ သမ္မတထရမ့်ရဲ့ ခရီးစဉ်မှာ ဆော်ဒီအာရေဗျအပြင် ကာတာနဲ့ ယူအေအီးတို့လည်း ပါဝင်နေပြီး၊ ဒေသတွင်း မဟာဗျူဟာရေးရာများအတွက် စဉ်ဆက်မပြတ် ပူးပေါင်းဆွေးနွေးမှုများ ဆောင်ရွက်သွားမယ်လို့ နီးစပ်တဲ့အရင်းအမြစ်များကဖော်ပြကြပါတယ်။
#mercury#mercurynews#နိုင်ငံတကာသတင်း#အမေရိကန်#ဆော်ဒီ