အစ္စရေးနိုင်ငံဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက ဟားမက်စ်အဖွဲ့ကို ချေမှုန်းရန် ကြိုးပမ်းမှုများအဖြစ် အစ္စရေးစစ်တပ်ဟာ လာမည့်ရက်ပိုင်းအတွင်း ဂါဇာဒေသသို့ “အင်ပြည့်အားပြည့်” ဝင်ရောက်သွားမည်ဖြစ်ကြောင်း မေလ ၁၃ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
အစ္စရေးဘက်က ဟားမက်စ်အဖွဲ့ရဲ့ တိုက်ခိုက်မှုများအပေါ် တုံ့ပြန်သည့်အနေဖြင့် ဂါဇာဒေသအတွင်း စစ်ရေးလှုပ်ရှားမှုများကို တိုးမြှင့်သွားမှာဖြစ်ပြီး တင်းမာတဲ့ နည်းလမ်းတွေနဲ့ ရင်ဆိုင်သွားမယ်လို့ အစ္စရေး ဝန်ကြီးချုပ်ရုံးမှ တရားဝင် ထုတ်ပြန်ပါတယ်။
နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များနဲ့ ကုလသမဂ္ဂအပါအဝင်အဖွဲ့အစည်းများက ဂါဇာဒေသအတွင်း စစ်မက်များအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်လျက်ရှိကြပြီး စစ်ရေးဆောင်ရွက်မှုများအပေါ် တုံ့ပြန်မှုများက ဒေသတွင်းငြိမ်းချမ်းရေးအလားအလာကို ထိခိုက်စေနိုင်တယ်လို့ ပြောဆိုနေကြပါတယ်။
#mercury#mercurynews#နိုင်ငံတကာသတင်း#အစ္စရေး#ဂါဇာ