Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရန်ကုန်တက္ကသိုလ်၌ဖွင့်မည့် စားသောက်ကုန်လုပ်ငန်းအတတ်ပညာ (CHRD)သင်တန်း လျှောက်လွှာခေါ်ယူ

—————————————–

၂၀၂၅ခုနှစ်၊မေလ၊(၁၅)ရက်

စားသောက်ဆိုင်လုပ်ငန်းလုပ်လိုသူတွေနဲ့ အစားအသောက်ပိုင်းထုတ်ကုန်‌ တွေထုတ်လိုသူတွေအ‌နေနဲ့ ရန်ကုန်တက္ကသိုလ်မှာဖွင့်မယ့် စားသောက် ကုန်လုပ်ငန်းအတတ်ပညာCertificate in Food Technology (CHRD)သင်တန်း လျှောက်လွှာခေါ်ယူထားတယ်လို့ သိရပါတယ်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ရန်ကုန်တက္ကသိုလ်၊ ကုန်ထုတ်ဓာတုဗေဒဌာနမှာ စားသောက်ကုန်လုပ်ငန်း အတတ်ပညာ Certificate in Food Technology (CHRD) သင်တန်းကို ၂၀-၅-၂၀၂၅ မှစပြီး (၃)လ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပါတယ်။

အဲဒီ့သင်တန်းကို တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများ မှစပြီးလျှောက်ထားနိုင်ပြီး သင်တန်းအချိန်(အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး)နံနက် ၇ နာရီ မှ ၉ နာရီထိ၊သင်တန်းကြေး– (၃)လတစ်သိန်းကျပ်တိတိ နဲ့ သင်ကြားနိုင်မှာဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်များကို ကုန်ထုတ်ဓာတုဗေဒဌာန၊ ရန်ကုန်တက္ကသိုလ်တွင် စုံစမ်းနိုင်ပြီးရန်ကုန်တက္ကသိုလ်၊ ကျောင်းသားရေးရာဌာနတွင် သတ်မှတ်ထား သည့် လျှောက်လွှာပုံစံဖြင့် ၁၃ – ၅ – ၂၀၂၅ မှ ၁၆ – ၅ – ၂၀၂၅ ရက်အထိ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

#mercury#mercurynews#မြန်မာ#စားသောက်ကုန်