Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မြစ်ဝကျွန်းပေါ်ဒေသများတွင် နောက်၂ရက်အတွင်း မိုးထစ်ချုန်းရွာနိုင်

၂၀၂၅၊မေလ၊၁၅ရက်

နောက်ထပ် ၂ ရက်အတွင်း မိုးသည်းထန်စွာထပ်မံရွာနိုင်ကြောင်း ခန့်မှန်းထားပြီး အထူးသဖြင့် မြစ်ဝဒေသများတွင် မိုးထစ်ချုန်းရွာမယ့် အခြေအနေများ ဆက်လက်ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ပါတယ်။

မိုးလေဝသဦးစီးဌာနရဲ့ ယနေ့ညနေအထိ ခန့်မှန်းချက်အရ နေပြည်တော်၊ရန်ကုန်နဲ့ မန္တလေးမြို့ အနီးတဝိုက်မှာ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာခိုင်နှုန်း ၁၀၀ ရာခိုင်နှုန်းရှိတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက် မိုးရွာသွန်းခြင်းနဲ့ အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတွေဖြစ်နိုင်တယ်လို့ မိုးဇလ က သတိပေးထားပါတယ်။

#mercury#mercurynews#မြန်မာ#မိုးလေဝသ#ပြည်တွင်းသတင်း