Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ယခုနှစ်ဘောလုံးအကယ်ဒမီကျောင်းသို့ နေ၊စား၊ပညာသင်စရိတ်ငြိမ်း

တက်ခွင့်ရသည့် ကျောင်းသား(၈၉)ဦးရှိ

————————————————————————————

၂၀၂၅ခုနှစ်၊မေလ၊(၁၉)ရက်

အခုနှစ်ဘောလုံးအကယ်ဒမီကျောင်း(၂)ကျောင်းမှာ နေ၊စား၊ပညာသင်စရိတ်ငြိမ်းတက်ခွင့်ရတဲ့ ကျောင်းသား(၈၉)ဦးရှိတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက် အရသိရပါတယ်။

ရန်ကုန်နဲ့မန္တလေးရှိ မြန်မာ အမျိုးသား ဘောလုံးအကယ်ဒမီတွေရဲ့ ၂၀၂၅-၂၆ ပညာသင်နှစ် အတွက် ကစားသမား ရွေးချယ်ခြင်းကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်(MFF)နည်းစနစ်ဒါရိုက်တာ ဂျပန်နိုင်ငံသား မစ္စတာ မိတဦးဆောင်သည့် နည်းစနစ်အဖွဲ့၊ မြန်မာ့လက်ရွေးစင်ဟောင်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘောလုံးအဖွဲ့ချုပ်များ၊ ဒေသခံများ ပူပေါင်း၍ မတ်လ၊ ဧပြီနှင့်မေလ တို့မှာ လူငယ် ၁၃၀၀ ကျော်အား အဆင့်ဆင့် ရွေးချယ်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဲဒီ့ထဲကမှ ဘောလုံးအကယ်ဒမီ(ရန်ကုန်)အတွက် (ယူ-၁၂)(၁၄)ဦး၊(ယူ-၁၃)(၉)ဦး၊(ယူ-၁၄)(၉)ဦး ရွေးချယ်ခဲ့ပြီးဘောလုံးအကယ်ဒမီ(မန္တလေး)အတွက်(ယူ-၁၂)(၁၁)ဦး၊(ယူ-၁၃)(၉)ဦး၊(ယူ-၁၄)(၁၃)ဦး ရွေးချယ်ခဲ့ပါတယ်။

အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်)သို့ တက်ရောက်ခွင့် ရရှိတဲ့ ကစားသမားတွေ အနေနဲ့မေလ (၂၈) ရက်မှာ အကယ်ဒမီကျောင်းသို့ လာရောက်ဆက်သွယ်ရမည် ဖြစ်ပြီး မန္တလေး အကယ်ဒမီ တက်ရောက်ရမည့် ကျောင်းသားသစ်များ ကျောင်းသို့ လာရောက်ဆက်သွယ်ရမည့် ရက်အားထပ်မံကြေညာပေးသွားမယ်လို့ ဘောလုံးအဖွဲ့ချုပ်ကဖော်ပြထားပါတယ်။

photo MFF

#mercury#mercurynews#ဘောလုံး#အားကစား#ပြည်တွင်းသတင်း