Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ပဲခူးမှာ အရက်မူးပြီးရမ်းကားနေတဲ့ ကျောင်းထိုင်ဘုန်းကြီးကို မူးယစ်ရမ်းကားမှုနဲ့ ဖမ်းဆီး

၂၀၂၅၊မေလ၊၁၉ရက်

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ် သာဂရကျေးရွာတောင်ကျောင်းမှာ အရက်မူးပြီးရမ်းကားနေတဲ့ သက်တော် ၇၀ အရွယ် ကျောင်းထိုင်ဘုန်းကြီးကို မူးယစ်ရမ်းကားမှုနဲ့ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

မေ ၁၆ ရက် ညနေ ၅ နာရီဝန်းကျင်က သာဂရတောင်ကျောင်းဆရာတော် သက်တော် ၇၀ ဝါတော် ၃၀ ကျော်ရှိ ဦးစန္ဒိမာဟာ အရက်သေစာသောက်စားပြီး မူးယစ်ရမ်းကားနေတဲ့အတွက် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးပြီးနောက် လူဝတ်လဲကာ ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

ဦးစန္ဒိမာဟာ အရက်သေစာသောက်စားပြီး မူးယစ်ရမ်းကားနေတတ်သလို ရွာခံတွေက မြို့နယ် သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကို အကြောင်းကြားခဲ့ပြီး ဖမ်းဆီးမခံရခင်မှာ ဦးစန္ဒိမာဟာ ဓားကိုင်ပြီး ကြိမ်းဝါးတာတွေလည်းလုပ်ခဲ့တာကြောင့် ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

#mercury#mercurynews#မှုခင်း#ပြည်တွင်းသတင်း