Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဒေသန္တရကျန်းမာရေးဌာနများ၌ဆေးဝါးလုံလောက်စွာဖြည့်ထားရန်နှင့် ကျန်းမာရေး စောင့်‌ရှောက်မှုများတိုးမြှင့်ဆောင်ရွက်ပေးရန်စီစဉ်နေ

————————————————————————————

၂၀၂၅ခုနှစ်၊မေလ၊(၁၉)ရက်

ဒေသန္တရကျန်းမာရေးဌာနတွေမှာ ဆေးဝါးတွေလုံလောက်စွာဖြည့်ထားဖို့နဲ့ ကျန်းမာရေးစောင့်‌ရှောက် မှုတွေတိုးမြှင့်ဆောင်ရွက်ပေးဖို့စီစဉ်နေတယ်လို့ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်။

အဲဒီလိုဆောင်ရွက်ပေးဖို့ကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက(Urban Health Center-UHC) ဒေသန္တရ ကျန်းမာရေးဌာနတွေမှာ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ညွှန်ကြားခဲ့ တာဖြစ်ပါတယ်။

‘’ဒေသန္တရ ကျန်းမာရေးဌာနတွေမှာ ဆေးဝါးများ လုံလောက်စွာ ဖြည့်ဆည်းထားရှိမှုအပေါ် ပြည်သူတွေ ရရှိခံစားနိုင်ရေးနဲ့ မလိုလားအပ်သော ဆုံးရှုံးမှုများမရှိစေရန် စနစ်တကျ စီမံဆောင်ရွက်ကြစေလို ကြောင်း၊ ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ရာမှာ ဆေးထိုးသင့်တဲ့ အသက် အရွယ်အားလုံးပါဝင်နိုင်ရေးအတွက် ဆောင်ရွက်ဖို့လိုအပ်တယ်”လို့ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ စတင်ဆောင်ရွက်မယ့် ဒေသန္တရကျန်းမာရေး ဌာန (၁၂)ခုတို့ရဲ့ အခြေအနေနဲ့ ဆက်လက်တိုးချဲ့ ဆောင်ရွက်မယ့် ဒေသန္တာရကျန်းမာရေးဌာနတွေလည်းရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းရဲ့တင်ပြချက်အရ သိရပါတယ်။

#Mercury#mercurynews#မြန်မာ#ပြည်တွင်းသတင်း