Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

Microsoft က အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်သော AI အေးဂျင့်များ ဖန်တီးရန် ရည်ရွယ်နေ

၂၀၂၅၊မေလ၊၁၉ရက်

Microsoft က မည်သည့်ကုမ္ပဏီများရဲ့ AI အေးဂျင့်များမဆို အချင်းချင်း ပူးပေါင်းလုပ်ကိုင်နိုင်ပြီး၊ ယခင်အတွေ့အကြုံများကို သတိမှတ်နိုင်သော စွမ်းရည် ရှိစေရန် အနာဂတ်ကို ရည်ရွယ်နေကြောင်း၊ အကြီးတန်းနည်းပညာအရာရှိက ပြောခဲ့တယ်လို့ ရိုက်တာ သတင်းဌာမှာဖော်ပြပါတယ်။

အခုလို အဆင့်မြှင့်တင်မှုများဟာ ကုမ္ပဏီများအကြား AI ပူးပေါင်းဆောင်ရွက်မှု ကို မြှင့်တင်ရန်နှင့် AI အသုံးပြုမှုအတွေ့အကြုံကို ပိုမို သဘာဝဆန်အောင် ကူညီပေးနိုင်မယ်လို့ ဟု ပညာရှင်များက ခန့်မှန်းထားကြပါတယ်။

AI စနစ်များကို တီထွင်နေကြတဲ့ Developer များအတွက် အသစ်ထုတ်မယ့် ကိရိယာတွေကို Microsoft က Seattle မြို့မှာ ကျင်းပမယ့် Build Developer Conferenceမှာ ယနေ့ မိတ်ဆက်ပြသသွားမယ်လို့ သိရပါတယ်။

#mercury#mercurynews#နည်းပညာ#နိုင်ငံတကာသတင်း#microsoft