Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မိုဒရစ် ရာသီကုန်တွင် ရီးရဲလ်အသင်းမှ ထွက်ခွာမည်

၂၀၂၅၊မေလ၊၂၃ရက်

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဝါရင့် ဂန္တဝင် ကွင်းလယ်ကစားသမား မိုဒရစ် ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ သိရပါတယ်။

မိုဒရစ်က အသင်းမှာ ဆက်လက်ကစားလိုစိတ်ရှိနေသေးပေပြီး လစာလျော့ယူဖို့အထိ ညှိနိူင်းခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်ဘက်က လက်မခံခဲ့တာကြောင့် ရာသီကုန်မှာ ထွက်ခွာရတော့မှာဖြစ်ပါတယ်။

ယခုအပတ်မှာ ကစားမယ့် ရာသီအပြီးပွဲစဉ်ဟာ မိုဒရစ်ရဲ့ ရီးရဲလ်အသင်းအတွက် ကစားတဲ့ နောက်ဆုံးပွဲဖြစ်လာမှာဖြစ်ပြီး ဘာနေဗျူးကွင်းမှာ ပရိတ်သတ်များကို နှုတ်ဆက်သွားမယ်လို့ သိရပါတယ်။

#mercury#mercurynews#မိုဒရစ်#အားကစား#realmadrid