နာပိုလီအသင်းဟာ ရာသီအပိတ် နောက်ဆုံးပွဲကို အနိုင်ကစားပြီး ၂၀၂၄-၂၀၂၅ဘောလုံးရာသီရဲ့ စီးရီးအေချန်ပီယံဖြစ်လာပါတယ်။
နာပိုလီအသင်းဟာ စီးရီးအေဆုဖလားကို လေးကြိမ်မြောက်ရရှိခဲ့တာဖြစ်ပြီး နောက်ဆုံးလေးနှစ်အတွင်း ၂ကြိမ် ချန်ပီယံဖြစ်ထားခဲ့တာပါ။
ဒါ့အပြင် စီးရီးအေ တစ်နှစ်တာအကောင်းဆုံး ကစားသမားအဖြစ် ရာသီအစမှာမန်ယူနိုက်တက်နေ နာပိုလီဆီ ပြောင်းရွေ့လာခဲ့တဲ့ ကွင်းလယ်ကစားသမား မက်တွမ်မီနေး က ရရှိသွားခဲ့ပါတယ်။
#mercury#mercurynews#အားကစား#Napoli#SerieA