Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရာဘင်ဒြာနတ်တဂိုး၏ (၁၆၄)နှစ်မြောက်မွေးနေ့ပွဲ ရန်ကုန်မြို့၌

ကျင်းပ

————————————————————————————

၂၀၂၅ခုနှစ်၊မေလ၊(၂၄)ရက်

နိုဘယ်လ်ဆုရ အိန္ဒိယကဗျာ၊ဂီတ၊စာပေပညာရှင် ကဝိစာဆိုတော်ကြီးရာဘင်ဒြာနတ်တဂိုး ရဲ့(၁၆၄)နှစ်မြောက် မွေးနေ့ပွဲရန်ကုန်မြို့မှာကျင်းပခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မွေးနေ့ပွဲအခမ်းအနားမှာ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီးက ‘’တဂိုးTagore ကို ပိုထူးခြားစေတာက သူ့မှာ စာပေတွေတင်မကဘဲ သက်ရောက်မှုတွေရှိတယ်။ ပညာရေးရဲ့ စွမ်းအားကို နက်နက်ရှိုင်းရှိုင်း ယုံကြည်ခဲ့ပြီး လူတိုင်းမှာ ကြီးကျယ်ခမ်းနားတဲ့ အလားအလာတွေရှိကာ တစ်ယောက်ကိုတစ်ယောက် ချစ်ခြင်းမေတ္တာနဲ့ လေးလေးစားစား ဆက်ဆံသင့်တယ်ဆိုတဲ့ အယူအဆဖြစ်သော လူသားဝါဒကို ပြင်းပြင်းထန်ထန် ယုံကြည်သူဖြစ်တယ်။ သူ့ကဗျာနှင့် စာပေအက်ဆေး အများအပြားကို မြန်မာဘာသာသို့ ပြန်ဆိုခဲ့ပြီး သူ၏ အတွေးအခေါ်များသည် မြန်မာပညာတတ်များထံ ပဲ့တင်ထပ်ခဲ့ပါတယ်”လို့ ပြောကြားပါတယ်။

ဒီ့အပြင် ‘’နိုဘယ်လ်ဆုရခဲ့သော သူရဲ့ကဗျာ ဂီတင်ဇလီ’Gitanjali’ ဟာ အိန္ဒိယနိုင်ငံရဲ့ စိတ်ဝိညာဉ်ရဲ့ အသံဖြစ်လာတယ်။ ဒီဝိညာဉ်ရဲ့ ပဲ့တင်သံကို ဒီကနေ့ရန်ကုန်မှာလည်း ကြားနေရတယ်။Tagore ရဲ့ ဒဿနမှာ သဘာဝတရားနှင့် ကရုဏာစိတ်၊ ငြိမ်းချမ်းမှုနှင့် သဟဇာတဖြစ်မှုတို့ဟာ မြန်မာတို့ရဲ့ ယဉ်ကျေးမှုအသိစိတ်နှင့် အလွန်တူညီပါတယ်” လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ရာဘင်ဒြာနတ်တဂိုး ရဲ့(၁၆၄)နှစ်မြောက် မွေးနေ့ပွဲကိုအိန္ဒိယနိုင်ငံသံရုံး၊ ရန်ကုန်၊ Swami Vivekananda ယဉ်ကျေးမှုစင်တာ အနေနဲ့ စီစဉ်ကျင်းပခဲ့တာဖြစ်ပြီး Tagore Society, Myanmar ခေါင်းစဉ်နဲ့ မေလ(၂၃)ရက်မှာ ကျင်းပခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

#mercury#mercurynews#မြန်မာ#အိန္ဒိယ#ပြည်တွင်းသတင်း