Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

၉ တန်းကျောင်းသူကို အုပ်စုဖွဲ့အဓမ္မပြု သ-တ်ဖြ-တ်မှု၊ တရားရုံးက သေဒဏ်ချမှတ်

၂၀၂၅၊မေလ၊၂၄ရက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာမှာ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ပြီး သ-တ်ဖြ-တ်ခံခဲ့ရတဲ့ ၉ တန်းကျောင်းသူ မခိုင်သဇင်ထွန်း ရဲ့ အမှုအတွက် တရားခံ အမျိုးသားနှစ်ဦးကို တောင်ငူ တရားရုံး က သေဒဏ် ချမှတ်လိုက်ပါတယ်။

တရားခံတွေ ဖြစ်တဲ့ စည်သူနိုင်(ခ)မှဲ့ကြီး၊ သိန်းထိုက်အောင် (ခ) သားပုတို့ကို ပြစ်မှုကျူးလွန်ကြောင်းထင်ရှားနေတာကြောင့် အဓမ္မပြုကျင့်မှု ၃၇၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁)(ဂ) တို့နဲ့ မေလ ၂၂ ရက်မှာ သေဒဏ် ချမှတ်လိုက်တာပါ။

ပြီးခဲ့တဲ့ မတ်လ မတ် ၁၉ ရက်နေ့က နေအိမ်မှာ ၁ ဦးတည်းအိပ်ပျော်နေခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် G 9 ကျောင်းသူ မခိုင်သဇင်ထွန်းကို တရားခံတွေဖြစ်တဲ့ သက် ၂၀ ကျော်အရွယ် စည်သူနိုင်(ခ)မှဲ့ကြီးနဲ့ သိန်းထိုက်အောင် (ခ) သားပုတို့က အုပ်စုဖွဲ့ အဓမ္မပြုကျင့်ပြီး သ-တ်ဖြ-တ်ခဲ့တာလို့ ထွက်ဆိုချက်တွေသိရကြောင်း နီးစပ်သူတွေက ပြောပါတယ်။

အဲ့ဒီနောက် ၎င်းတို့ကို တောင်ငူရဲစခန်းကနေ ရာဇသတ်ကြီး ပုဒ်မ ၃၇၆၊ ၃၀၂တို့နဲ့ ဖမ်းဆီး အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

#mercury#mercurynews#မြန်မာ#မှုခင်း#ပြည်တွင်းသတင်း