McDonald’s Corporationက ၂၀၂၃ ခုနှစ်မှာ beverage-focused CosMc’s အမှတ်တံဆိပ်နဲ့ ဖွင့်ထားတဲ့ ဆိုင်၅ဆိုင်ကို ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
သို့သော်လည်း CosMc’sမှာ ရောင်းချလျှက်ရှိနေတဲ့ တချို့သော အချိုရည် ပုံစံသစ်တွေကိုတော့ McDonald’s မူလဆိုင်များမှာ စမ်းသပ်ရောင်းချသွားမှာဖြစ်ပါတယ်။
McDonald’sက CosMc’s ဆိုင်များကို “အရမ်းမြန်မြန် တိုးတက်လာနေတဲ့ အချိုရည်ဈေးကွက်” အကြောင်းကို သဘောပေါက်လာဖို့အတွက် စမ်းသပ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး၊ McDonald’s က အဆိုပါဈေးကွက်အတွင်း “အောင်မြင်နိုင်ခွင့်ရှိတယ်” ဟု ယုံကြည်ကြောင်းထုတ်ပြန်ပါတယ်။
CosMc’s တွင် bubble tea စတိုင်နဲ့ customizable iced drinks စသော beverage များကို အဓိကရောင်းချနေတာဖြစ်ပါတယ်။
#Mercury#mercurynews#နိုင်ငံတကာသတင်း#mcdonalds#စီးပွားရေး