Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မယ်ဆိုင်ချောင်းရေ စိုးရိမ်ရေအမှတ်အထက်ကျော်လွန်နေ၍

တာချီလိတ်ဒေသခံများကိုသတိပေး

————————————————————————————

၂၀၂၅ခုနှစ်၊မေလ၊(၂၄)ရက်

အခုရက်ပိုင်းမှာ မယ်ဆိုင်ချောင်းရေဟာ စိုးရိမ်ရေအမှတ်အထက်ကျော်လွန်နေတဲ့ အတွက် တာချီလိတ်ဒေသခံတွေ သတိထားဖို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။

မေလ(၂၄)ရက်မှာ မယ်ဆိုင်ချောင်းရေဟာ တာချီလိတ်မြို့ (လွယ်တော်ခမ်း ကျေးရွာ)မှာ အဲဒီ့မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် (၁)ပေခန့်ကျော်လွန်ရောက်ရှိနေတာ ဖြစ်ပါတယ်။

နောက်(၁)ရက်အတွင်း (၃)ပေခန့်မြင့်တက်လာနိုင်တဲ့အတွက် တာချီလိတ်မြို့နယ် အတွင်းရှိ မြစ်ကမ်းအနီးနေသူတွေ၊မြေနိမ့်ပိုင်းနေသူတွေ အနေနဲ့ အထူးသတိပြု နေထိုင်ကြဖို့လိုအပ်တယ်လို့ သိရပါတယ်။

#mercury#mercurynews#မယ်ဆိုင်#ရေတက်#မြန်မာ#ပြည်တွင်းသတင်း