၂၀၂၅ခုနှစ်၊မေလ၊(၂၄)ရက်
မိုးသက်လေပြင်းတိုက်ခတ်လို့မြောင်းတကာ-လှိုင်သာယာဓာတ်အားလိုင်းရဲ့လျှပ်စစ်ဓာတ်အားပေးတာဝါတိုင်ပြိုလဲပျက်စီးခဲ့တယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) ရဲ့ဖော်ပြချက်အရသိရပါတယ်။
မေလ ၂၃ ရက်ညနေ ၄ နာရီ ၂၂ မိနစ်ခန့်က မိုးသက်လေပြင်းများတိုက်ခတ်ပြီး ၂၃၀ ကေဗွီ မြောင်းတကာ-လှိုင်သာယာဓာတ်အားလိုင်းရဲ့ ထန်းတပင်မြို့နယ်၊ တံတားဦးကျေးရွာအနီးရှိ တာဝါတိုင်အမှတ်(၉၁)နဲ့ (၉၂)တို့ပြိုလဲပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းတွေက အရေးပေါ်ထိန်းသိမ်းပြုပြင်မှုတွေ ပြုလုပ်လျက်ရှိပြီး ရန်ကုန်တိုင်းနှင့်ဧရာဝတီတိုင်းတို့သို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်မှု အခက်အခဲ ဖြစ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
#mercury#mercurynnews#မြန်မာ#လျှပ်စစ်#ပြည်တွင်းသတင်း