Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရွှေပြည်သာမြို့နယ်မှာ အမျိုးသမီး (၂) ဦး ရန်ဖြစ်ပြီး ဓားထိုးခံရသဖြင့် တစ်ဦးသေဆုံး၊ ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရ

၂၀၂၅၊မေလ၊၂၄ရက်

ရွှေပြည်သာမြို့နယ်၊ သာဓုကန် ဘုရားလမ်းအတွင်းမှာ မေလ ၂၃ ရက်နေ့ ညနေပိုင်းက အမျိုးသမီးနှစ်ဦး စကားများ ရန်ဖြစ်ပွားရာမှ ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွားခဲ့ပြီး၊ အမျိုးသမီးတစ်ဦး သေဆုံးကာ၊ သူမ၏ ၂ နှစ်အရွယ်သားငယ်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အမျိုးသမီးနှစ်ဦးဟာ မည်သည့်အကြောင်းအရင်းကြောင့် ခိုက်ရန်ဖြစ်ပွားကြသည်ကို မသိရသေးဘဲ ‌ေ-သဆုံးသွားသူအမျိုးသမီး ဟာ မကြာခင်ကမှ ပြောင်းရွေ့လာသူဖြစ်တယ်လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

သေဆုံးအမျိုးသမီး၏ ၂နှစ်ရွယ်ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက် သာဓုဇနလူမှုကူညီရေး အသင်း မှဆေးရုံသို့ပို့ဆောင်ခဲ့ပြီးကျန်ရှိနေသော အမျိုးသမီးလူနာ(၁)ဦးကို WeLoveCareပရဟိတ အသင်း မှအင်းစိန်ဆေးရုံသို့ ပို့ဆောင်ကူညီပေးထားတယ်လို့ သိရပါတယ်။

#mercury#mercurynews#မှုခင်း#ရွှေပြည်သာ#ပြည်တွင်းသတင်း