—————————————————————————————-
အိန္ဒိယရဲ့ ‘(၁၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာယောဂနေ့’အခမ်းအနားကို ရန်ကုန်နဲ့ နေပြည်တော်မှာကျင်းပပြုလုပ်ဖို့ရှိတယ်လို့ သိရပါတယ်။
ဧပြီလနဲ့မေလတုန်းကလည်းအကြို ကျင်းပခဲ့ပြီဖြစ်ပြီးဇွန်လ(၄)ရက်မှာတော့ ‘အပြည်ပြည်ဆိုင်ရာ ယောဂနေ့’ Eventကို မဟာဗန္ဓုလပန်းခြံမှာ ကျင်းပသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ဖော်ပြထားပါတယ်။
‘အပြည်ပြည်ဆိုင်ရာယောဂနေ့’အထိမ်းအမှတ်အဖြစ် ယောဂလှုပ်ရှားမှုအခမ်းအနားတွေကို စုစုပေါင်း(၁၄)ကြိမ်ဆောင်ရွက်မှာဖြစ်ပြီး စိတ်ပါဝင်စားသူတွေအနေနဲ့ အိန္ဒိယသံရုံးနဲ့ အိန္ဒိယစင်တာသို့ ဆက်သွယ်ပါဝင်နိုင်တယ်လို့ သိရပါတယ်။
#mercury#mercurynews#မြန်မာ#ပြည်တွင်းသတင်း