Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အင်တာမီလန်နောက်ခံလူ နောက်ခံလူ Alessandro Bastoni ကိုခေါ်ယူရန် ချဲလ်ဆီး စိတ်ဝင်စားနေ

၂၀၂၅၊ဇွန်လ၊၃ရက်

ချဲယ်ဆီးအသင်းဟာ အသင်းရဲ့ ခံစစ်ပိုင်းကို အားဖြည့်ဖို့အတွက် အင်တာမီလန်အသင်းရဲ့အီတလီနောက်ခံလူ Alessandro Bastoni ကိုခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း Football Italiaရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အသက် ၂၆ နှစ်အရွယ် Alessandro Bastoniဟာ အင်တာမီလန်အသင်းနဲ့အတူလောလောလတ်လတ် ဥရောပဖိုင်နယ်ကစားထားပြီး ချဲယ်ဆီးအသင်းအနေနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှု ရဖို့ကြိုးစားနေပေမယ့် ခက်ခဲနေဆဲဖြစ်ပါတယ်။

ချဲယ်ဆီးဟာ လာမယ့်ရာသီမစတင်ခင်မှာ ထိပ်တန်း ခံစစ်မှုးတစ်ဦးကို ခေါ်ယူဖို့ စဉ်းစားနေပြီး ခရစ်စတယ်ပဲလေ့စ်အသင်းရဲ့ မဂ်ဂွီဟီ၊ အဲဗာတန်ရဲ့ ဂျရတ်ဘရိုက်ဝိတ်တို့ကို လည်း စောင့်ကြည့်မှုတစ်ချို့ ပြုလုပ်နေပါတယ်။

#mercury#mercurynews#ချဲလ်ဆီး#အင်တာမီလန်#အားကစား