Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မလေးရှားတွင် မြန်မာနိုင်ငံသား ၁၂၀၀ ကျော် ဖမ်းဆီးခံရ

၂၀၂၅၊ဇွန်လ၊၅ရက်

မလေးရှားနိုင်ငံမှာ မေလ ၂၉ ရက်မှ ဇွန်လ ၂ ရက်အထိ “အော်ပရာစီ” စစ်ဆေးရေးအစီအစဉ်နဲ့ တရားမဝင် နိုင်ငံခြားသား ၁၄၃၅ ဦးကို ဖမ်းဆီးခဲ့ပြီး၊ အဲ့ဒီအထဲမှာ မြန်မာနိုင်ငံသား ၁၂၂၂ ဦးပါဝင်တယ်လို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန (JIM) မှ ထုတ်ပြန်ထားသည်။

အဆိုပါဖမ်းဆီးမှုများကို ကွာလာလမ်ပူ၊ ဆာလာယန်း၊ ပလောပီနန်း၊ ဘာတာဝပ်နှင့် B.M. ဈေးဝယ်စင်တာများအပါအဝင် နေရာအများစုမှာ အဖွဲ့အစည်းပေါင်းစုံဖြင့် စစ်ဆေးပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဖမ်းဆီးခံရသူများမှာ မြန်မာနိုင်ငံသား( ၁၂၂၂ )ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၁၄၂) ဦး၊ အိန္ဒိယနိုင်ငံသား (၉) ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား (၂) ဦး အပါ အဝင် နီပေါနိုင်ငံသားများလည်း ပါဝင်ပါတယ်။

မလေးအာဏာပိုင်များအနေဖြင့် တရားဝင်ခွင့်ပြုလက်မှတ်ရှိသူများကို စိစစ်ပြီး ပြန်လွှတ်ပေးမှာဖြစ်ပေမယ့် တရားမဝင်နေထိုင်သူများအား တင်းကြပ်စွာအရေးယူသွားမည်ဖြစ်ကြောင်း JIM မှသတင်းထုတ်ပြန်ထားပါတယ်။

မလေးရှားနိုင်ငံက တရားမဝင် နေထိုင်မှုနှုန်းမြင့်နေတဲ့ နေရာများတွင် ဖမ်းဆီးမှုများကို ဆက်လက်မြှင့်တင်ဆောင်ရွက်နေပြီး၊ ဇွန် ၄ ရက်မှ ၁၀ ရက်အထိ တစ်နိုင်ငံလုံးအတွင်း လမ်းဘလော့စစ်ဆေးမှုများရှိနေမှာကြောင့် တရားမဝင်နေထိုင်နေသော မြန်မာနိုင်ငံသားများအနေဖြင့် အထူးသတိပြုရန်လိုအပ်ကြောင်း မြန်မာအမျိုးသားတစ်ဦးက ပြောပါတယ်။

မူရင်းဓါတ်ပုံပိုင်ရှင်ကို creditပေးပါသည်။

#mercury#mercurynews#မြန်မာ#မလေးရှား#တရားမဝင်#အလုပ်သမား