Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

သမ္မတထရန့်နဲ့ အီလွန်မတ်စ်ခ်တို့ ဘဏ္ဍာရေးနှင့် နိုင်ငံရေး အမြင်ကွဲလွဲမှုကြောင့် အပြန်အလှန် ပြင်းပြင်းထန်ထန် ဝေဖန်ထိုးနှက်နေ

၂၀၂၅၊ဇွန်လ၊၆ရက်

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်နဲ့ ကမ္ဘာ့အချမ်းသာဆုံးသူဌေး အီလွန်မတ်စ်ခ်တို့ဟာ တစ်ချိန်က မျှော်လင့်မှုတွေနဲ့ ခင်မင်ရင်းနှီးခဲ့ကြပေမယ့် ယခုအချိန်မှာတော့ တစ်ယောက်ကို တစ်ယောက် ပြင်းပြင်းထန်ထန် ဆန့်ကျင်လာကြပါတယ်။

အီလွန်မတ်စ်ခ်က ထရန့်ကို သမ္မတအဖြစ် တက်လာစေဖို့အတွက် ဒေါ်လာ ၃ရာသန်းကျော်ထုတ်ပေးခဲ့ပြီးဖြစ်သော်လည်း ယခုအချိန်မှာတော့ မတ်စ်ခ်ဟာ အမေရိကန်မှာ ပါတီသစ်တစ်ခု တည်ထောင်ဖို့ စဉ်းစားနေပါတယ်။ ဒါဟာ လက်ရှိ ပါတီနှစ်ခုစနစ်အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနိုင်ပါတယ်။

သမ္မတထရန့်ကတော့ Tesla ကားတွေကို ပံ့ပိုးတဲ့အစိုးရအထောက်အပံ့တွေ၊ SpaceX ရဲ့ကန်ထရိုက်တွေကို ဖြတ်မယ်လို့ ခြိမ်းခြောက်ကာ အီလွန်မတ်စ်ခ်ကိုဖိအားပေးခဲ့ပါတယ်။ မတ်စ်ခ်ကလည်း အဲ့လိုလုပ်မယ်ဆိုရင် အစိုးရအတွက် လုပ်ပေးနေတဲ့ သူ့ရဲ့ Dragon space program ကိုချက်ချင်း ရပ်ဆိုင်းမယ်လို့ ပြန်အကြောင်းပြန်ခဲ့ပါတယ်။

ဒါ့အပြင် မတ်စ်ခ်က ထရန့်ကို လိင်ပြစ်မှု ကျူးလွန်ခဲ့တဲ့ Jeffrey Epstein နဲ့ ၇ကြိမ်တိုင်တိုင် တွေ့ခဲ့တယ်လို့ ဆိုပြီး စွပ်စွဲခဲ့ပါတယ်။ ထရန့်ကလည်း အီလွန်မတ်စ်ခ်ကို DOGE ကနေ သူပယ်လိုက်တာဖြစ်တယ်လို့ ပြန်ပြောဆိုပြီး နှစ်ဦးအကြား အပြန်အလှန်စကား တိုက်ခိုက်မှုတွေ ဖြစ်လာခဲ့ပါတယ်။

ထရန့်ရဲ့ အသုံးစရိတ်များလွန်းတဲ့ ဘတ်ဂျက်သစ်အပေါ် အီလွန်မတ်စ်ခ်က သဘောမတူတာကြောင့် နှစ်ဦးကြား ပိုမို ဆန့်ကျင်လာခဲ့ကြပြီး ရီပဗလီကန်ပါတီအတွင်းမှာပါ အမြင်ကွဲလွဲမှုတွေ ပေါ်ပေါက်လာပါတယ်။ ထိုအရေးအခင်းကြောင့် အမေရိကန် စတော့အိတ်တွေက ပျက်ယွင်းလာပြီး Tesla ရဲ့ စတော့ချပ်ဈေးက ၁၄% လောက် ကျသွားပါတယ်။

နောက်ဆုံးအနေနဲ့ မတ်စ်ခ်က ထရန့်ကို ရာထူးလက်လွှတ်ဖို့ တောင်းဆိုကာ ဒုသမ္မတကို သမ္မတအဖြစ် တင်မြှောက်ဖို့ တောင်းဆိုသွားခဲ့ပါတယ်။

#mercury#mercurynews#elonmusk#DonaldTrump#နိုင်ငံတကာသတင်း