၂၀၂၅ခုနှစ်၊ဇွန်လ၊(၆)ရက်
ချင်းပြည်နယ်၊ ဟားခါးမြို့မှာ နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။
ဇွန်လ(၅)ရက်၊၂၂ ၄၅ အချိန်ခန့် ချင်းပြည်နယ်၊ ဟားခါးမြို့၊ စျေးသစ်ရပ်ကွက်မှာ မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အဲဒီ့မီးလောင်ကျွမ်းမှုကို ဟားခါးခရိုင်/ မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၂၃ ၂၀ အချိန် မီးငြိမ်းသွားတယ်လို့ သိရပါတယ်။
#ဟားခါး#Mercury#mercurynews#ပြည်တွင်းသတင်း#မီးလောင်