——————————————————–
မြန်မာ ယူ-၁၉အမျိုးသမီးအသင်းအနေနဲ့ Asean U19 Girls’ Championship 2025 ပြိုင်ပွဲအုပ်စုပွဲစဉ်မှာ အရှေ့တီမောကိုနိုင်ပြီးနောက် ဆီမီးဖိုင်နယ် တက်ရောက် သွားပြီဖြစ်တယ်လို့ သိရပါတယ်။
မြန်မာအသင်းဟာ အုပ်စုအတွင်း ပွဲ ၃ ပွဲ ကစားခဲ့ပြီး ” ဗီယက်နမ်အသင်း ” နဲ့ပွဲမှာ ၂-၀ ဖြင့်ရှုံးနိမ့်ခဲ့သော်လည်း ဒုတိယမြောက်ပွဲစဉ်မှာ ” လာအိုအသင်း ” မှာ ၆-၀ ၊ အုပ်စု နောက်ဆုံးပွဲမှာ အရှေ့တီမောအသင်းကို ၇:၀ ဖြင့် အနိုင်ယူပြီး ” အုပ်စုဒုတိယ ” နဲ့ “ဆီမီးဖိုင်နယ် ” သို့တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။
အုပ်စုပြိုင်ပွဲမှာ အုပ်စု A မှာ ဗီယက်နမ်အသင်းက အုပ်စုပထမ နေရာ ရရှိပြီး၊ မြန်မာအသင်းက အုပ်စု ဒုတိယနေရာ ရရှိခဲ့တာဖြစ်ပါတယ်။
မြန်မာအသင်းဟာ ဆီမီးဖိုင်နယ်မှာ အုပ်စု ဘီ အုပ်စုပထမ ရရှိထားတဲ့ ထိုင်းအသင်းနဲ့တွေ့ဆုံမှာဖြစ်တယ်လို့ သိရပါတယ်။
#mercury#mercurynews#မြန်မာ#အားကစား#ပြည်တွင်းသတင်း