အီရန် နဲ့ အစ္စရေးအကြား စစ်ရေးပဋိပက္ခမှာ အမေရိကန်အနေနဲ့ “ပါချင်ပါမယ်၊ မပါချင်လည်း မပါဘူး” ဟု သမ္မတ ဒေါ်နယ်လ် ထရမ့်က မနေ့က သတင်းထောက်များကို ပြောကြားလိုက်ပါတယ်။ သူ့အနေနဲ့ အမေရိကန်ရဲ့ ပါဝင်ပတ်သက်မှုကို စဉ်းစားနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ထရမ့်က “ကျွန်တော် ဘာလုပ်ချင်တယ်ဆိုတာ ဘယ်သူမှ မသိဘူး။ ဒါပေမဲ့ ဒီတစ်ခုတော့ ပြောလို့ရတယ်၊ အဲဒါက – အီရန်အနေနဲ့ ပြဿနာတွေ အများကြီးရှိနေပြီး သူတို့ဘက်က ဆွေးနွေးချင်နေတယ်” ဟု ပြောကြားခဲ့ပါတယ်။
ထရမ့်ရဲ့ ပြောကြားချက်အပေါ် အီရန်ဘက်ကမူ “အိမ်ဖြူတော် တံခါးဝမှာ ဒူးထောက်တောင်းပန်မှာ မဟုတ်ဘူး” လို့ ပြန်လည်တုံ့ပြန်ခဲ့ထားပါတယ်။
အမေရိကန်အနေနဲ့ ဖြစ်နိုင်ခြေရှိတဲ့ တိုက်ခိုက်မှုများအတွက် ဆိုက်ပရပ်စ် (Cyprus) သို့မဟုတ် ဒီယောဂို ဂါစီယား (Diego Garcia) တွင်ရှိတဲ့ ဗြိတိန်စခန်းများကို အသုံးပြုရန် ယခုထိ တောင်းဆိုခြင်းမရှိသေးကြောင်း သိရပါတယ်။
အီရန် နဲ့ အစ္စရေးအကြား တစ်ဖက်နှင့်တစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ရှိနေဆဲဖြစ်ပြီး၊ အီရန်က ဒုံးကျည်များဖြင့် နောက်ထပ်တစ်လှိုင်း ပစ်ခတ်ခဲ့ရာ အစ္စရေးရဲ့ လေကြောင်းကာကွယ်ရေးကိုပင် ချိုးဖောက်ဝင်ရောက်သွားခဲ့တယ်လို့ သတင်းများကပြောပါတယ်။
အီရန်ရဲ့ အမြင့်ဆုံးဘာသာရေးခေါင်းဆောင် အယာတိုလာ အာလီ ခါမေနီ (Ayatollah Ali Khamenei) ကမူ အမေရိကန်သည် အစ္စရေးရဲ့ တိုက်ခိုက်မှုများမှာ ပါဝင်လာမယ်ဆိုပါက “ပြင်လိုမရတဲ့ ထိခိုက်မှုတွေ” ဖြစ်လာမည်ဟု သတိပေးခဲ့ပါတယ်။ ယခုအခြေအနေဟာ အရှေ့အလယ်ပိုင်းဒေသရဲ့ တည်ငြိမ်မှုနဲ့ ကမ္ဘာ့လုံခြုံရေးအတွက် ကြီးမားသော စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေခဲ့ပါတယ်။
#mercury#mercurynews#နိုင်ငံတကာသတင်း#အမေရိကန်#အီရန်#အစ္စရေး