ယနေ့ ဇွန်လ ၂၃ရက် မနက် ၆ နာရီ ၃၂ မိနစ် ၃၃ စက္ကန့်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရဲ့ အရှေ့ဘက် ၉ မိုင်ခန့်အကွာမှာ အင်အားရစ်ခ်ျတာစကေး ၃.၈ အဆင့်ရှိတဲ့ မြေငလျင်ငယ်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
ငလျင်ရဲ့ ဗဟိုချက်ဟာ မြောက်လတ္တီတွဒ် ၁၈.၈၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅.၃၄ ဒီဂရီ၊ အနက် ၁၇ ကီလိုမီတာကို ဗဟိုပြုခဲ့ပြီး တောင်ငူမြေငလျင်စခန်းရဲ့ အနောက်ဘက် ၇၃ မိုင်ခန့် ကွာဝေးတယ်လို့ တိုင်းတာရရှိကြောင်း သိရပါတယ်။
မတ်လ ၂၈ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးနောက်ပိုင်း နောက်ဆက်တွဲငလျင်ငယ်တွေ ဆက်တိုက်လှုပ်ခတ်နေပြီး မနေ့က ဇွန်လ ၂၂ရက်မှာ နေပြည်တော်နဲ့ မန္တလေးတိုင်းမှာ ငလျင်ငယ်လှုပ်သွားခဲ့ပါသေးတယ်။
#mercury#mercurynews#ငလျင်#မြန်မာ#ပြည်တွင်းသတင်း#ပြည်မြို့