၂၀၂၅ခုနှစ်၊ဇွန်လ၊(၂၃)ရက်
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်ခရိုင် ၊ သင်္ဃန်းကျွန်း မြို့နယ်၊ ဝေဇယန္တာလမ်းမှာ ယာဥ်တစ်စီး ဓါတ်တိုင်နဲ့ တိုက်မိသဖြင့် ဒဏ်ရာရသူရှိတယ်လို့ YROအဖွဲ့မှ သိရပါတယ်။
ဇွန်လ(၂၂)ရက်၊ညပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ဒဏ်ရာရသူဟာ အမျိုးသားဖြစ်ပြီး ယာဥ်မောင်းဖြစ်ပြီး အသင်းများစုပေါင်းကာ လူနာအား ကောင်းစွာ ထုတ်ပေးပြီး မြေပြင်ပြုစုမှုပြုပေးကာ ” ရွှေရုပ်လွှာ ” အသင်း(ရန်ကင်းမြို့နယ်)လူနာတင် ယာဥ်ဖြင့် အထွေထွေရောဂါကုဆေးရုံ(မြောက်ဥက္ကလာပ) သို့ ပို့ဆောင်ကူညီခဲ့တယ်။
ဖြစ်စဥ်သို့ YRO အဖွဲ့ဝင် “မြန်မာမွတ်စလင်မ်” ကူညီကယ်ဆယ်ရေးအသင်း၊ “မေတ္တာရောင်ခြည်လူငယ်လေးများ” ကူညီကယ်ဆယ်ရေးအသင်း တို့မှ စေတနာ့ ဝန်ထမ်းတွေ၊ မိတ်ဖက်အသင်းများလည်း ရောက်ရှိခဲ့ကြတယ်လို့ သိရပါတယ်။
#mercury#mercurynews#မှုခင်း#ပြည်တွင်းသတင်း