၂၀၂၅ခုနှစ်၊ဇွန်လ၊(၂၆)ရက်
စက်ချို့ယွင်းပြီး ရပ်ထားတဲ့ ခရီးသည်တင် YUTONG အမျိုးအစား(အပြာရောင်)ယာဉ်က အနောက်မှ ဝင်တိုက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ(၂၆)ရက်၊၀၄ ၁၅အချိန်ခန့်၊ နေပြည်တော်_ရန်ကုန်အမြန်လမ်းမဘက်ခြမ်း၊ မိုင်တိုင်အမှတ်(၇၀/၃-၄)အကြားမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ယာဉ်တိုက်မှုကြောင့် SCANIA အမျိုးအစား(အနီရောင်)ခရီးသည်ယာဉ်ပေါ်ပါ ကျား(၅)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ မ(၄)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် ကလေး (၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား ၁၉၂ သူနာတင်ယာဉ်၊ ကြက်ခြေနီသူနာတင်ယာဉ်ဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
#mercury#mercurynews#မြန်မာ#ပြည်တွင်းသတင်း