Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

YBS ယာဉ်က အရှိန်လွန်ကျော်တက်လို့ ကားတိုက်မှုဖြစ်ပွားခဲ့ကာ အမျိုးသားတစ်ဦး သေဆုံး

၂၀၂၅၊ဇွန်လ၊၂၆ရက်

မနေ့က ဇွန်လ ၂၅ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်က ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မှာ YBS ယာဉ်တစ်စီး အရှိန်လွန်ကျော်တက်မောင်းနှင်ရာမှ ယာဉ်သုံးစီးဆင့်တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ကနောင်မင်းသားကြီးလမ်းပေါ်ရှိ အ.ထ.က (၃) ကျောင်းအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး YBS ၃၄ ယာဉ်သည် အရှိန်လွန် ကျော်တက်မောင်းနှင်စဉ် ဆန့်ကျင်ဘက်ယာဉ်ကြောက တက္ကစီနဲ့ ကုန်တင်ကားတစ်စီးကို ဦးစွာတိုက်မိခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် သူ့ရဲ့ လမ်းကြောအတွင်း ပြန်ဝင်လာပြီး ရှေ့မှမောင်းနှင်နေတဲ့ ဘေးတွဲဆိုင်ကယ်ကယ်ရီကို ထပ်မံတိုက်မိခဲ့ခြင်း ဖြစ်ပါတယ်။

ယခုယာဉ်တိုက်မှုကြောင့် ဘေးတွဲဆိုင်ကယ်ကယ်ရီမောင်းနှင်သူ အမျိုးသားမှာ သေဆုံးခဲ့ကြောင်း မြေပြင်အကူအညီပေးခဲ့တဲ့ လူမှုကူညီရေးအသင်းထံမှ သိရပါတယ်။

#mercury#mercurynews#YBS#ယာဉ်တိုက်မှု#ပြည်တွင်းသတင်း