Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဆန်စပါးကြိတ်ခွဲ ထုတ်လုပ်ရေး ပညာရပ်များကို စရိတ်ငြိမ်း၊သင်တန်းကြေးအခမဲ့ပေးမည်

——————————————————————–

၂၀၂၅ခုနှစ်၊ဇွန်လ၊(၃၀)ရက်

ဆန်စပါးကြိတ်ခွဲ ထုတ်လုပ်ရေး နည်းပညာရပ်များကို စရိတ်ငြိမ်း၊သင်တန်းကြေးအခမဲ့ပေးဖို့ရှိတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။

၂၀၂၅ ခုနှစ်၊ ဩဂုတ်လမှာ စတင်ဖွင့်လှစ်ဖို့ ပြင်ဆင်နေပြီး သင်တန်းကာလ (၃) လ – (၄) လ ခန့် ကြာမြင့်မှာဖြစ်ပါတယ်။

သင်တန်းတက်နေစဥ် ကာလအတွင်း နေထိုင်စားသောက် စရိတ်ငြိမ်း၊ သင်တန်းကြေး အခမဲ့ ဖြစ်ကာ သင်တန်းပြီးပါက ဆန်စက်များနှင့် ဆန်စပါးကုမ္ပဏီတွေမှာ အလုပ်အကိုင်ရရှိမယ့် employment guaranteed training ဖြစ်တယ်လို့ဆိုပါတယ်။

သင်တန်းသို့ THS, AGTI တက်ရောက်ခဲ့သူများ/ လက်မှတ်ရပြီးသူများ အပါအဝင် ဆန်စက်လုပ်ငန်း နှင့် သက်ဆိုင်သော လျှပ်စစ်/ စက်မှုနည်းပညာပိုင်းဆိုင်ရာ အခြေခံ အတွေ့အကြုံ ရှိသူများ၊ စက်ရုံအလုပ်ရုံများတွင် လုပ်ကိုင်ခဲ့တဲ့အတွေ့အကြုံရှိသူများ အနက်မှ ရွေးချယ်စိစစ်မှု (entry interview) ဖြင့် ပါဝင်တက်ရောက်နိုင်မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့အကြား (University Industry Collaboration) ပုံစံဖြင့် ဆန်စပါး ကြိတ်ခွဲထုတ်လုပ်ရေး နည်းပညာသင်တန်း (Certificate Course/ Higher Certificate Course in Rice Processing Technology) ကို စာတွေ့-လက်တွေ့ သင်ကြားမှုပုံစံဖြင့် မကြာမီ ဖွင့်လှစ်နိုင်ရန် စီစဉ်နေတယ်လို့ သိရပါတယ်။

#mercury#mercurynews#မြန်မာ#ပြည်တွင်းသတင်း#ဆန်စပါ