Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ပဲ့ထိန်းဒုံးကျည်တပ်ဆင်ထားသည့်တရုတ်ရေတပ်စစ်ရေယာဉ်စုဟောင်ကောင်သို့ အလည်အပတ်ခရီးစဉ် သွားရောက်မည်

——————————————————————

၂၀၂၅ခုနှစ်၊ ဇွန် (၃၀) ရက်

တရုတ်လေယာဉ်တင်သင်္ဘောကြီး ဆန်းတုန်း ဦးဆောင်တဲ့ ရေတပ်စစ်ရေယာဉ်စုမှာ တရုတ်နိုင်ငံ ဟောင်ကောင်ဒေသသို့ ဇူလိုင် (၃)ရက်မှ(၇)ရက်အထိ အလည် အပတ်ခရီးစဉ် သွားရောက်ဖို့ရှိတယ်လို့ ဆင်ဟွာသတင်းဌာနရဲ့ ထုတ်ပြန်ချက် အရသိရပါတယ်။

အဲဒီ့ ရေတပ်စစ်ရေယာဉ်စုမှာ ပဲ့ထိန်းဒုံးကျည် တပ်ဆင်ထားတဲ့ ဖျက်သင်္ဘောတွေ ဖြစ်တဲ့ Yan’an နှင့် Zhanjiang ၊ ဒုံးကျည်တပ်ဆင်ထားတဲ့ ဖရီးဂိတ်စစ်သင်္ဘော Yuncheng တို့လည်း ပါဝင်မှာဖြစ်ကာ ချစ်ကြည်ရေးခရီးစဉ်နဲ့ယဉ်ကျေးမှုဖလှယ်တဲ့ အစီအစဉ်အများအပြား ပြုလုပ်မှာဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်ရဲ့ ခွင့်ပြုချက်အရသွားရောက်ကြတာဖြစ်ပြီး ခေတ်သစ်ကာလမှာ ဟောင်ကောင်မှတရုတ်နိုင်ငံရဲ့ အမျိုးသားကာကွယ်ရေးနှင့် စစ်ဘက်ဆိုင်ရာ တိုးတက်အောင်မြင်မှုတွေကို ပိုမိုပွင့်လင်းနက်ရှိုင်းစွာ သိမြင် နားလည်လာစေဖို့ ရည်ရွယ်သည့်အနေဖြင့်အခုလိုအစီအစဉ်တွေကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ပထမဆုံးခရီးစဉ်ကို ၂၀၀၁ ခုနှစ်က သွားရောက်ခဲ့ပြီး နောက်ဆုံးအနေဖြင့် ၂၀၂၄ ခုနှစ်က နှစ်ကြိမ်သွားရောက်ခဲ့တယ်လို့ သိရပါတယ်။

#mercury#mercurynews#နိုင်ငံတကာသတင်း#တရုတ်

May be an image of submarine, ocean and text that says '٦'