————————————————————————–
ဇူလိုင်လဆန်း ပထမ(၁၀)ရက်တာကာလအတွင်ဧရာဝတီမြစ်ရေ၊ချင်းတွင်းမြစ်ရေအပါအဝင်မြစ်ရေ တွေတက်လာဖို့ရှိတယ်လို့ သိရပါတယ်။
ဧရာ၀တီမြစ်ရေဟာ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့နှင့် ရွှေကူမြို့တို့မှာ ၇ ပေမှ ၉ ပေခန့်၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၄ ပေမှ ၆ ပေခန့် လက်ရှိရေမှတ်အထက် မြင့်တက်လာနိုင်ပါတယ်။
ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့နဲ့ဟုမ္မလင်းမြို့တို့မှာ ၅ ပေမှ ၈ ပေခန့် လက်ရှိရေမှတ် အထက် မြင့်တက်လာနိုင်ပြီး၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၂ ပေမှ ၅ ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်တယ်လို့ ဆိုပါတယ်။
မြစ်သာမြစ်ရေဟာ ကလေးမြို့မှာ ၂ ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေဟာ သီပေါမြို့မှာ ၂ ပေခန့်၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့မှာ ၂ ပေမှ ၃ ပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့ တို့တွင် ၁ ပေခွဲမှ ၂ ပေခန့်၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ ၁ ပေခွဲခန့်၊ ပဲခူးမြစ်ရေဟာ ဇောင်းတူ မြို့နဲ့ ပဲခူးမြို့တို့မှာ ၂ ပေမှ ၃ ပေခန့်၊ သံလွင်မြစ်ရေဟာဘားအံမြို့မှာ ၂ ပေခန့်၊ သောင်ရင်း မြစ်ရေဟာ မြဝတီမြို့မှာ ၃ ပေခွဲခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့မှာ ၄ ပေခန့်၊ သာပေါင်းမြို့နဲ့ ပုသိမ်မြို့တို့မှာ ၁ ပေခွဲခန့်စီ၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ ၂ ပေခန့်နဲ့ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့မှာ ၂ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။
ဓါတ်ပုံ-မူရင်းပိုင်ရှင်ကိုCreditပေးပါသည်။
#Mercury#mercurynews#ပြည်တွင်းသတင်း#ချင်းတွင်းမြစ်#ဧရာဝတီမြစ်