ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာမှာ ယမန်နေ့ (ဇွန် ၃၀ ရက်) ညနေ ၄ နာရီခန့်က သေနတ်ဒဏ်ရာဖြင့် သေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို ထပ်မံတွေ့ရှိခဲ့ကြောင်း ကချင်အခြေစိုက် သတင်းဌာနတွေ ဖော်ပြချက်အရသိရပါတယ်။
သေဆုံးသူမှာ လုံးခင်းသုဿန်အနီးမှာ ပစ်သတ်ခံခဲ့ရခြင်းဖြစ်နိုင်ပြီး မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက လာရောက်ပစ်ခတ်သွားတယ် ဆိုတာကိုမူ မသိရသေးကြောင်း ဒေသခံတွေကပြောပါတယ်။
သေဆုံးသူစာ ဦးခေါင်းမှာ ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး ရုပ်အလောင်းကို လုံးခင်းသုဿန်ဇရပ်သို့ ပို့ဆောင်ထားကြောင်း အလောင်းပိုင်ရှင်ပေါ်လာနိုင်တဲ့အခါမှသာ မီးသဂြိုလ်နိုင်ကြောင်း သိရပါတယ်။
ဓါတ်ပုံ-The 74 Media
#mercury#mercurynews#မြန်မာ#ပြည်တွင်းသတင်း#ဖားကန့်